မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဒုရုံပိုင် (အလုပ်သင်) ဘွဲ့ရသင်တန်း အမှတ်စဉ် (၃၉/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ဒုရုံပိုင် (အလုပ်သင်) ဘွဲ့ရသင်တန်း အမှတ်စဉ် (၃၉/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊  ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး   ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူ သင်တန်းသားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းဒုရုံပိုင် (အလုပ်သင်) ဘွဲ့ရသင်တန်း အမှတ်စဉ် (၃၉/၂၀၂၂) ကို သင်တန်းသားသင်တန်းသူ ၃၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်  ၂၉ ပတ်   ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)