တောင်ငူမြို့၊ မြန်မာနှစ်ချင်းဘုရားကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Booster) ထိုးနှံခြင်းကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေး

တောင်ငူ စက်တင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ မြန်မာနှစ်ချင်းဘုရားကျောင်း၌ ဒေသခံပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြန်မာနှစ်ချင်းဘုရားကျောင်း၊ ကေလဇာတီဘုရား၊ ဆီမီးခွက်ဘုရား၊ (၃၆၅)ဘုံဆွမ်းလောင်းအသင်း၊ ဒက္ခိဏရာမ ဘုန်းတော်ကြီးကျောင်း၊ ဒေါ်ချောဘုရား၊ သာသနာ့ဗိမ္မာန်အဟောင်း၊ မြို့မစျေး၊ ဘုရင့်နောင်စျေးနှင့် ကေတုမတီ(မြို့သစ်) မြို့ဦးကျောင်းတို့၌ ထိုးနှံပေးခဲ့ပြီး မြန်မာနှစ်ချင်း ဘုရားကျောင်းသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက လာရောက်၍ ဒေသခံပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပြီး ကာကွယ်ဆေး စနစ်တကျ ထိုးနှံခြင်းအား ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)