ရပ်စောက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ရပ်စောက် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ စာရေးဆရာ လူထုစိန်ဝင်း ရေးသားသည့် ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများစာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁:၃၀ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်ကြည်ဌေးက ဦးဆောင်ဆွေးနွေးရာတွင် စာအုပ်တွင်ပါဝင်သည့် လူကြီး လူကောင်းစိတ်၊  အဆိုးထဲကလည်းပညာရပါတယ်၊ အတွေ့အကြုံကိုမကိုးကွယ်နဲ့ ပညာကိုကိုးကွယ်၊ ပန်းတိုင်ကဘာလဲ၊ မိဘနှင့်သားသမီးကြားကချုပ်ချယ်မှုနဲ့ အာခံစိတ်စသည့် ခေါင်းစဉ်များအား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ (Book Club) အဖွဲ့ဝင်နှင့် ဦးစီးအရာရှိတို့က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများ (၂၅) ဦးက တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆုမွန်(မြို့နယ်ပြန်/ဆက်)