ဆားလင်းကြီးမြို့တွင် ပြည်သူများသို့ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ဆားလင်းကြီး စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီ အချိန်က  အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမရှေ့တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာမှုရှိစေရန်နှင့် ဒေသခံပြည်သူများ အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လူတစ်ဦးလျှင် ဆန်(၆)ဗူး၊ ဆီ(၁၅)ကျပ်ဆယ်သား၊ အာလူး(၅၀)ကျပ်သား ပစ္စည်းသုံးမျိုးကို ၃၀၀၀ကျပ်နှုန်းဖြင့် လူဦးရေ (၁၀၀)ဦးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်တွင် ပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှဒန်းချိုသာစွာဖြင့် ထပ်မံရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်