တမူး စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပုံစံ (၈) ဝင် အင်ကညင်သစ်လုံး/ ခွဲသားများအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်က ခရိုင်သစ်တောဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စျေးပြိုင်လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်က အမှာစကားပြောကြားပြီး စျေးပြိုင်လေလံတင်ရောင်းချရေး ကော်မတီအတွင်းရေးမှူး၊ ခရိုင်သစ်တောဦးစီးမှူး ဦးသန်းထွန်းဦးက လေလံစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် လေလံဆွဲဝယ်ယူများမှ မိမိတို့လေလံဆွဲယူမည့် လပ်ပုံအမှတ်များအလိုက် စျေးပြိုင်စနစ်ဖြင့် လေလံဆွဲဝယ်ယူခဲ့ကြရာ သစ်လုံး/ ခွဲသား (၁၀၀.၆၂၈၄) တန်အတွက် စုစုပေါင်းလေလံအောင်စျေး (၁၉၂၆၁၀၀၀) ကျပ်ရရှိခဲ့ကြောင်း သိရသည်။
ရတနာ