လဟယ် စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နာဂဒေသအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအား ပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက နာဂဒေသအတွက် မတည်ထောက်ပံ့ငွေရရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ ရသုံးမှန်ခြေငွေစာရင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းနောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူမှ အဆိုပါ မတည်ထောက်ပံ့ငွေများနှင့်ပတ်သက်၍ နာဂဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) မြို့နယ်များ၊ မြို့များ မြေပြင်အခြေအနေနှင့်ပတ်သက်၍ ကြုံတွေ့ရမယ့်အခြေအနေများ ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာကြသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါမတည်ထောက်ပံ့ငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ထုတ်ချေးပေးမည်ဖြစ်ပြီး နာဂဒေသအတွက် ငွေကျပ် (၅ဘီလီယံ) ကျပ် ခွင့်ပြုပေးထားကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)