ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော စံပြကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး  စက်တင်ဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော တောင်ဇင်းတိုက်နယ်စံပြကျေးရွာသို့ ယနေ့နံနက် ၉ နာရီက ဝေမျှခြင်းပရဟိတ (ရန်ကုန်) မှ သောက်သုံးရေ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်) မှ စံပြကျေးရွာသို့သောက်သုံး ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း၊ ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် ညောင်ဦးမြို့နယ် အတွင်း သောက်သုံးရေလှူဒါန်းခြင်းများအား မေလကုန်နှင့် ဇွန်လလယ်တို့တွင် သောက်သုံးရေ လှူဒါန်းမှုအား ရပ်နားလေ့ရှိသော်လည်း ယခုနှစ် စက်တင်ဘာလ ဒုတိယပတ်ထိ မိုးရွာသွန်းမှု နည်းပါးပြီး ကျေးရွာများ မှီခိုအားထားနေသည့် မြေသားရေလှောင်ကန်များအတွင်း ရေဝင်ရောက်မှု မရှိသေးခြင်းများကြောင့် ဝေမျှခြင်းပရဟိတ (ရန်ကုန်) အသင်းမှ ဆက်လက်သောက်သုံးရေများ ဆက်လက်လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ