ဒိုက်ဦးမြို့တွင် "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဒိုက်ဦး စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာရေးဆရာ မြင်းခြံကျော်အောင် (ခ) သန်းထက်စံ ရေးသားသော "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေသက်အောင်က "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ပါ အတိုးတက်ဆုံးလူ၊ Book Club အဖွဲ့ဝင် ဦးကျော်သူထိုက်က အစဥ်ရှင်သန်နေသော လူသားဖြစ်စေရန်၊ Book Club အဖွဲ့ဝင် ဒေါ်ခင်မာမော်က ငါကြီးပွားမဲ့လူလား၊ Book Club အဖွဲ့ဝင်ဒေါ်စိုးစိုးဝင်းက ကိုယ်ခံအားကောင်းလျှင်၊ ဦးမျိုးမင်း(စာဖတ်ပရိသတ်)က ဘယ်သူမှမွေးကတည်းက လူတော်ဖြစ်မလာ စသည့်အချက်များကို ဖတ်ကြားခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)