ဒိုက်ဦးမြို့နယ် ပေါက်တပင်ကျေးရွာ၌ တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

ဒိုက်ဦး  စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာကဏ္ဍ၌၊ မိုးစပါးဖွံဖြိုးတိုးတက်ရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာပေး ဆွေးနွေးပွဲကို ယမန်‌နေ့ မွန်းလွဲ ၃ နာရီအချိန်က ဒိုက်ဦးမြို့နယ်၊​ ပေါက်တပင်ကျေးရွာ တောင်သူဦးအောင်မြင့်၏ လယ်၌ ကျင်းပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးဇော်သိန်းနိုင်က တက်ရောက်လာသူများအား စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းအကြောင်း၊ သဘာဝမြေသြဇာ/မြေဆွေး ပြုလုပ်သုံးစွဲနည်းများ၊ ဓာတ်မြေသြဇာများကို အကျိုးရှိရှိထိရောက်စွာ အသုံးပြုနည်းများကို အသေးစိတ်ရှင်းလင်း‌ချပြခဲ့ပြီး တောင်သူများ၏ သိလိုသည်များကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှူး ဦးသီဟကျော်စွာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးဇော်သိန်းနိုင်၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်အားပေး လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

(မြို့နယ်ပြန်/ဆက်)