မိတ္ထီလာ စက်တင်ဘာ ၂ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၏ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၈/၂ဝ၂၂) သင်တန်းသားသင်တန်းသူများအား ကြိုဆို ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဒီဂရီကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပကြောင်းသိရသည်။
အဆိုပါ ဆရာအတတ်ပညာသင်တန်းအမှတ်စဉ်(၈/၂ဝ၂၂) သင်တန်းသားသင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးလွှမ်းမိုးဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်အောင်လေး၊ မိတ္ထီ လာပညာရေးဒီဂရီကော လိပ်ကျောင်းအုပ်ဒေါ်စုလတ်ထွေး၊ ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။ အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ဒေါ်စုလတ်ထွေးက သင်တန်းသားသင်တန်းသူများအား ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။ ထို့နောက် သင် တန်းသားသင်တန်းသူများက တေးသရုပ်ဖော်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်သည်။ အဆိုပါ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်းအမှတ်စဉ် (၈/၂ဝ၂၂) ကို စက်တင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁ဝ ရက်နေ့အထိ ဖွင့်လှစ်ခြင်းပြီး သင်တန်းသို့ သင်တန်းသား ၁၃ဝ ဦး၊ သင်တန်းသူ ၇၂၁ ဦး စုစုပေါင်း သင်တန်းသားသင်တန်းသူ ၈၅၁ ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။
ချမ်းသာ