သတင်းများ

မိုင်းလုံမြို့တွင်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
Jul 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ် ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး(၂၀၇၈၉)ဦး ထိုးနှံပြီးဖြစ်
Jul 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများကို အသက်(၅)နှစ်မှ(၁၅)အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပကလေးသူငယ်များ၊ အသက် (၁၅)မှ(၁၈)နှစ်အတွင်းရှိ သာမဏေများ၊ သီလရှင်များ၊ ကျောင်းသား/ကျောင်းသူများ၊ အသက်(၁၈)နှစ်အထက် ပြည်သူများအားကိုဗစ်-၁၉ ရောဂါကို ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇူလိုင်(၂၇)က်နံနက်(၉)နာရီခွဲက တတိယအကြိမ်ထပ်ဆောင်းကာကွယ်ဆေး (၂၀၇၈၉) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
မိုင်း​နောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းကောင်စီ ဥက္ကဋ္ဌ ဘောလုံးအသင်းပြိုင်ပွဲ ဆုပေးပွဲပြုလုပ်ကျင်းပ
Jul 27,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကောင်စီ ဥက္ကဋ္ဌ ဘောလုံးအသင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း
စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမည်စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စတို့အား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ ပေးအပ်
Jul 27,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပတ္တမြားခန်းမဆောင်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့် နီးစပ်သည့် ကျေးရွာအုပ်စု(၅)အုပ်စုရှိ အိမ်ထောင်စု(၉၃)စုတို့မှ မိသားစုဝင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်
Jul 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးမြေ(၅၈၀)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးသွားမည်
Jul 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  စိုက်ပျိုးသီးနှံများအောင်မြင်စေရေး မြောင်းရေသောက်စနစ်ဖြင့် ရေးများပေးဝေလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် စိုက်ပျိုးမြေ(၅၈၀)ဧက ရေပြည့်ဝစွာရေးပေးဝေနိုင်ရေး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၁၈.၀၀၀)သန်းဖြင့် သင်းဒီးမြောင်းမှ ရေကျအဆောက်အအုံတစ်ခု ပြန်လည်ပြုပြင်ပေးရန် လျာထားလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီအချိန် က အသက်(၁၈)နှစ်နှင့်အထက်ရှိသူများအား ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၅၃၉)ဦးရှိကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးလွမ်းခြုံမှုရှိစေရန် ဒုတိယအကြိမ် (၆၀၆)ဦး ဆက်လက်ထိုးနှံပေး
Jul 27,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွမ်းခြုံမှုရှိစေရန် ပထမအကြိမ်ထိုးနှံပြီးသူ ကျောင်းသား/သူများ (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် အမှတ်(၁၃)ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် မလစ်ကျေးရွာအုပ်စုမှ အမှတ်(၁၆)၊ အမှတ်(၁၇)အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသားသူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် (၉)နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။