မလစ်အနောက်ကျေးရွာအုပ်စုတွင် တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၃၀၅) ဦးထိုးနှံ
Jul 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၅)နှစ်မှအသက်(၁၈)နှစ်နှင့်အထက် ဒေသနေ ပြည်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Boooster အပိုထပ်ဆောင်း ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက မလစ်အနောက် ကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စု တာဝန်ရှိသူများတို့က ကာကွယ်ဆေးထိုးရန် လာရောက်သည့် ပြည်သူများအား စာရင်းရေးသွင်းပေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။