သတင်းများ

ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျန်းမာရေးဌာနခွဲတွင်  ပြည်သူများအား  တီဘီအဆုတ် ခေတ်မီ စမ်းသပ်စက်ကြီးများဖြင့်  အခမဲ့စမ်းသပ် ရှာဖွေကုသပေး
Sep 22,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင် ကျန်းမာရေးဌာနခွဲတွင် ပြည်သူများအား တီဘီအဆုတ် ခေတ်မီစမ်းသပ်စက်ကြီးများဖြင့် ယမန်နေ့ နံနက်ပိုင်းက အခမဲ့စမ်းသပ် ရှာဖွေကုသပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အကြာ းကျောင်းသူ/သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 22,2022
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြားရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ် ထိုးနှံပြီး ကျောင်းသူ/သားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ်ဖြင့် ယမန်နေ့နေ့လယ် ၁ နာရီက အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌  ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာ၌ မိုးရာသီ ထွန်တုံးပိတ်ပွဲနှင့် အပျော်တမ်း အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Sep 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာ၌ မိုးရာသီ ထွန်တုံးပိတ်ပွဲနှင့် အပျော်တမ်း အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား စက်တင်ဘာ ၂၀ ရက်နေ့တွင် ဆည်တော်ဦးကျေးရွာ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးကြသည်။
စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ  (အခမဲ့)ဝေငှခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက ရှင်စောပုရပ်ကွက် လူစည်ကားရာနေရာများတွင် Mask Campaign ဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း Mask များ(အခမဲ့)ဝေငှခြင်း၊     အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ
Sep 22,2022
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Sep 22,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံ ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။
သာစည်မြို့၌ မိုးကမ္မဝါစာတမ်းနှင့်ငါးရံ့မင်းပရိတ်တော်ရွတ်ဖတ်ပူဇော်ပြီး ငါးလွှတ်ပွဲကျင်းပပြုလုပ်
Sep 22,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မှုသော မိုးကမ္မဝါစာတမ်းနှင့်ငါးရံ့မင်းပရိတ်တော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က   အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ကြို့ပင်ကောက်မြို့နယ်တွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်
Sep 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ မြို့လယ်ချောင်းတောင်သူပညာပေးစခန်းတွင် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။