သတင်းများ

ပေါင်းတည်မြို့နယ်အတွင်း ရောင်းချနေသော Mistine အလှကုန်ပစ္စည်းများ သတ်မှတ်ထားသောကုန်ညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေး
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်းအလှကုန်ဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော Mistineအလှကုန်ပစ္စည်းများတွင် သတ်မှတ်ထားသော လိုဂိုရောင်ပြန်တံဆိပ် ကပ်ထားခြင်း ရှိ/မရှိ၊ မြန်မာစာများရေးသားပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းကိုစားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုကိုခံယူလျက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်၉နာရီခွဲက မြို့မစျေးအတွင်း ဖြန့်ဖြူးရောင်းချနေသော အလှကုန်ဆိုင်များတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ စားသုံးဆီရောင်းချနေသောဆိုင်များအား ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ယမန်နေ့က ပေါက်ခေါင်းမြို့မစည်ပင်သာယာဈေးကြီးအတွင်းနှင့် မြို့ပေါ်ကုန်စုံဆိုင်များတွင် ရောင်းချနေသောဗူးသွပ်စားသုံးဆီများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံပါဝင်ခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် မိုးစပါးဧက (၇၆၁၄၁) စိုက်ပျိုးပြီးစီး
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးခြင်းလျာထားချက် ဧက (၇၆၁၄၁)ရှိရာ လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
မင်းလှ၌  လူဦးရေမှတ်ပုံတင်ခြင်းစနစ်ပုံစံ(၆၆/၆)များ e-lDဆော့ဖ်ဝဲရိုက်သွင်းခြင်း ဆောင်ရွက်မှုလုပ်ငန်း(၁၉.၉၈)ရာခိုင်နူန်းပြီးစီး
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနက လူဦးရေမှတ်ပုံတင်ခြင်းစနစ်ပုံစံ(၆၆/၆)များ e-lDဆော့ဖ်ဝဲရိုက်သွင်းခြင်း ဆောင်ရွက်မှုလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်လျက်ရှိရာ ယနေ့ချိန်ထိ (၁၉.၉၈)ရာခိုင်နူန်းပြီးစီးနေကြောင်းသိရသည်။
သာပေါင်းမြို့နယ် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ e-ID ရေးသွင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုစစ်ဆေး
Jul 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရောက်ရှိလာပြီး အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို (Computer Software) ဖြင့် e-ID ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှု စစ်ဆေးကြသည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
မြောင်းမြမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ရေးပစ္စည်းများပေးအပ်
Jul 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရိပ်သာလမ်းထောင့်နှင့် ဂေါ်ဖီခြံ(၄) လမ်းထောင့်ရှိ မီးဘေးသင့် အိမ်ခြေ (၃)လုံးနှင့် လူဦးရေ(၂၁)ဦးတို့အတွက် ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၂၆ ရက်နေ့ နေ့လယ် (၂)နာရီအချိန်က အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားတွင် အသက်(၁)ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်ပေး
Jul 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်တွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။