သီပေါမြို့ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

သီပေါ စက်တင်ဘာ ၂၂

ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြု တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲနှင့် အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းသို့ ယမန်နေ့မွန်းလွှဲ(၁)နာရီက စာဖတ်ရှိန် မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက   အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အသိပညာပေး ရုပ်ပြ ကာတွန်းစာအုပ်၊ ပုံပြင်၊ တေဇရုပ်စုံ စာအုပ်များအား ဖတ်ရှုစေခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များက အသိပညာပေး စာအုပ်များကို စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍  အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင်  ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ်ခြင်း အကျိုးကျေးဇူးအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး စာအုပ်စာစောင်များ ဖတ်ရှုစေခဲ့ ကြောင်းနှင့်ပြန်/ဆက်ဝန်ထမ်းများမှ အဆိုပါကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များအား စာအုပ်စာစောင်များအား ငှားရမ်းပေးခဲ့ကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)