မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးညှင်း ဇန်နဝါရီ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက တက္ကသိုလ်ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအမျိုးသား(နှစ်ယောက်တွဲ) ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲကိုကျင်းပရာ သင်္ချာဘာသာရပ်အသင်းနှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် သင်္ချာဘာသာရပ်အသင်းမှလည်းကောင်း၊ အမျိုးသမီး(နှစ်ယောက်တွဲ)ပြိုင်ပွဲ၌ ဓာတုဗေဒဘာသာရပ်အသင်းနှင့် အင်္ဂလိပ်စာဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် အင်္ဂလိပ်စာဘာသာရပ်အသင်းမှလည်ကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမျိုးသား(တစ်ဉီးချင်း) ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဆက်လက်ကျင်းပရာ သင်္ချာဘာသာရပ်အသင်းနှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် သင်္ချာဘာသာရပ်အသင်းမှလည်းကောင်း၊ အမျိုးသမီး(တစ်ဦးချင်း)ပြိုင်ပွဲ၌ အင်္ဂလိပ်စာဘာသာရပ်အသင်းနှင့် သင်္ချာဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် အင်္ဂလိပ်စာဘာသာရပ်အသင်းမှလည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက်ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ နှစ်ယောက်တွဲ အမျိုးသား/ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့် တတိယရရှိကြသည့် အသင်းများကိုလည်းကောင်း၊ အမျိုသား/အမျိုးသမီး တစ်ဦးခြင်းလိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသည့် အသင်းများကိုလည်းကောင်း ဆုများအသီးသီးနှင့် တံခွန်စိုက်ဒိုင်း ဆုဖလားကြီးများကို တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဥ္ဇူမင်းနှင့် ပါမောက္ခ(ဌာနမှူး)များက ဆုဖလားများနှင့် ငွေသားများအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ 

ရွှေမိုးညှင်း