ကြို့ပင်ကောက် ဇူလိုင် ၁၇
ပဲခူတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အာဇာနည်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲအား ဗောဓိရုက္ခ အလယ်တန်းကျောင်းမှ Grade-6 , Grade-7 နှင့် Grade-8 တို့မှ ကျောင်းသား/ကျောင်းသူများမှ အာဇာနည်နေ့တို့မမေ့ ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမဆုရ မဧကရီမိုး Grade-7၊ ဒုတိယဆုရ မပွင့်အိဖြူ Grade -8 နှင့် တတိယဆုရ မထက်အိအိန္ဒြာကျော် Grade-6 တို့အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။
(၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပြီး စာအုပ်ပြပွဲနှင့် နံရံကပ်စာ စောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)