ပေါင်မြို့နယ်၌ စားအုန်းဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

ပေါင် ဇူလိုင် ၁၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စားအုန်းဆီအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက် (၄)ခု၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော စားအုန်းဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ၊သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့် စားအုန်းဆီများ ရောင်းချခြင်း ရှိ/မရှိ၊စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော စားအုန်းဆီများရောင်းချနေမှုရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော စားအုန်းဆီများကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်း ခွင့်မပြုသည့် စားအုန်းဆီများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)