ပန်းဘဲတန်း ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ အမှတ်( ၅) ရပ်ကွက်၊ ဗိုလ်ချုပ် စျေးနှင့် အမှတ်( ၂) ရပ်ကွက် Junction City တို့တွင် ဆေးထိုးစုရပ်များပြုလုပ်၍ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ၌ ပြည်သူများအား COVID ရောဂါကာကွယ်ဆေး Pfizer LP.8.1 ထိုးနှံပေးသည်။
ထိုသို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပန်းဘဲတန်းမြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဖြိုးပိုင် ဦးဆောင်သည့် တာဝန်ရှိသူများက မသန့်ရှင်းသော အစားအစာနှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် လမ်းဘေးစျေးသည်များနှင့် စားသောက်ဆိုင်များအား Checklist ဖြင့်စစ်ဆေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း၊ အစားအစာ၊ ရေ၊ ပတ်ဝန်းကျင်နှင့် မိလ္လာသန့်ရှင်းရေးတို့အတွက် ပြည်သူများအား ကျန်းမာရေးအသိပညာပေး ပြောကြားသည်။
ထို့နောက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း Abate ဆေးခပ်ခြင်းများတို့ကိုကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံရွှေနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်း တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ဝင်းမူ( ပြန်/ဆက်)