မြောက်ဉီး စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြောင်းဘွေကျေးရွာ၊ ကျွဲတဲကျေးရွာ၊ ငမဲပြင်ကျေးရွာ၊ ခဲမောင်းတက်ကျေးရွာ၊ ပါးတော်ကျေးရွာနှင့် အခြားသော ကျေးရွာတို့တွင် ဉယျာဉ်ခြံမြေလုပ်ကိုင်သူ ခြံပိုင်ရှင်များအနေဖြင့် ကွမ်းသီးပင်များကို စီးပွားဖြစ် အဓိကစိုက်ပျိုး လျက်ရှိပြီး ကွမ်းသီးပင်များ စိုက်ပျိုးထွက်ရှိရာ ကျေးရွာများတွင် ယခင်က ကွမ်းသီး(အနု)များကို ဝယ်ယူဆွတ်ခူး ရောင်းချမှုမရှိသော်လည်း ယခုနှစ်တွင် ရပ်ဝေးမှ ကွမ်းသီးဝယ်လက်များက မြောင်းဘွေကျေးရွာတွင် အဝယ်ဒိုင် ဖွင့်လှစ်၍ ဝယ်ယူမှုများ ရှိလာခဲ့ပြီး ဈေးကောင်းရရှိ သောကြောင့် ကွမ်းသီးခြံပိုင်ရှင်များက ကွမ်းသီး(အနု)များ ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။
ကွမ်းသီး(အနု)များ ဝယ်ယူရာတွင် အလေးချိန်(၂၀)ဂရမ်မှ (၃၀)ဂရမ်အကြားရှိ အညှာမပြုတ်ဖင်ချွန် သီးများကိုသာ ဝယ်ယူကြပြီး ရင့်သော အသီးများ၊ အဝါရောင်သန်းသော အသီးများ၊ လုံးဝန်းသော အသီးများနှင့် သေးငယ်သော အသီးများကိုမှု ဝယ်ယူမှုမရှိကြောင်း သိရသည်။
မြောက်ဦးဒေသတွင် မိသားစုစီးပွားဖြစ် ကွမ်းသီးပင်များ စိုက်ပျိုးရာမှ ကွမ်းသီး(အနု)များ အဝယ် လိုက်၍ ဈေးကောင်းရရှိလျက်ရှိရာ တစ်ပိဿကို ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ အဝယ်ဒိုင်များက ဈေးပေးဝယ်ယူလျက်ရှိပြီး အလုံးရေနှင့် ဝယ်ယူရာတွင် အပင်ခြေရင်းတွင် ကွမ်းသီး(အနု) တစ်လုံး လျှင် ကျပ်(၄၀)ကျပ်မှ (၅၀)ကျပ်အထိ ဈေးကောင်းရရှိကြောင်း အပင်တက်ဆွတ်ခူးသူများနှင့် ခြံပိုင် ရှင်များ အဆင်ပြေလျက်ရှိကြောင်း ကွမ်းသီးစိုက်ပျိုးသူ ခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။
စိုးငြိမ်းနိုင်၊ (မြောက်ဦးပြန်/ဆက်)