ရွှေဘို စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးလုပ်သားပပျောက်ရေး အသိပညာပေး(Talk Show)ကို ယမန်နေ့ ညနေ၄နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်က အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လူမှု့ဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်စိမ်းလဲ့လဲ့က မြန်မာနိုင်ငံအနေဖြင့်ကလေးအဖြစ် သတ်မှတ်ထားရှိသည့် ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများရဲ့ကန့်သတ်ထားရှိသည့် အလုပ်ချိန်၊ ကလေးလုပ်သားပပျောက်ရေးနိုင်ငံတော်၏ ဆောင်ရွက်ချက်၊ ရည်မှန်းချက်များ၊ ဒေသခံပြည်သူများ သိရှိရမည့်ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ လူမှု့ဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်များနှင့်စပ်လျဉ်းပြီး လုပ်ဆောင်ချက်များလုပ်ငန်းများ ပြည်သူများ သိသင့်သိထိုက်သည်များ စသည်တို့ကို အကျယ်တဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင်စဉ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)