ပင်လုံမြို့၌ မိုးရာသီဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပင်လုံ      စက်တင်ဘာ   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ပင်လုံမြို့ အားကစားကွင်း၌ စက်တင်ဘာလ ၂၄ ရက် ၊ မွန်းလွဲ(၂)နာရီက ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကံစောလှိုင် တက်ရောက်ပြီး အမှာစကားပြောကြားကာ ဘောလုံပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေသည့် အမျိုးသားအားကစားမြှင့်တင်ရေးတာဝန်များကို ဦးထိပ်ထားပြီး မြန်မာ့အားကစားအဆင့်အတန်း မြင့်မားရေးကို အမျိုးသားရေး အမြင်ဖြင့် ယှဉ်တွဲ ကြိုးစားဆောင်ရွက်သွားကြရန်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက် ဘောလုံးပြိုင်ပွဲများကို ကျင်းပပေးနေခြင်းဖြစ်ကြောင်း၊ ပင်လုံမြို့ တွင် ဘောလုံးအဆင့် အတန်းတိုး တက်မြင့်မားရေး၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ် အားကစားသမားများပေါ်ထွန်းလာရေးနှင့် လူငယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေပြီး ကျန်းမာကြံ့ခိုင်ကာ  မြို့နယ်၊ ခရိုင်၊ ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်ပေါ်လာစေရန်ကျင်းပနေခြင်းဖြစ်ကြောင်း၊ ခရိုင် အုပ်ချုပ်ရေးမှူး က အမှာစကား ပြောကြားပြီး ဘောလုံးပြိုင်ပွဲအားဖွင့်လှစ်ပေးလိုက်သည်။

အဆိုပါ ပင်လုံမြို့၌ ၂၀၂၂ ခုနှစ် ၊ မိုးရာသီဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲသို့ ရပ်ကွက် ကျေးရွာအသီးသီးမှာ ပြိုင်ပွဲဝင်အသင်းပေါင်း(၁၃)သင်း ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်ကာ ပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် ရပ်ကွက်(၁)ဘောလုံးအသင်းနှင့် ချယ်ရီမြေအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။ ပြိုင်ပွဲကို အောက်တိုဘာလ  ၁၅ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်