ကွတ်ခိုင်မြို့တွင်အိမ်တိုင်ရာရောက်ဘိုး/ဘွားများအားထောက်ပံ့ငွေပေးအပ်

ကွတ်ခိုင်   စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင် မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာ‌ရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် အသက်(၈၅)နှစ် အထက်အဘိုး/ဘွားများအားအိမ်တိုင်ရာရောက် ထောက်ပံ‌ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကွတ်ခိုင်မြို့ရပ်ကွက်(၁)၊ ရပ်ကွက်(၄)တို့တွင်ပေးအပ် ခဲ့ကြောင်းသိရသည်။

ထိုသို့​ ပေးအပ်ရာတွင်မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဋ္ဌဒေါ်စန္ဒာလှထွန်းကျော်စွာနှင့်အဖွဲ့ ဝင်များ၊ မြို့နယ်မိခင်က လေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကွတ်ခိုင်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေမြတ်မွန်နှင့် ဝန်ထမ်းများကမြို့ပေါ် ရပ်ကွက်အတွင်းရှိ အဘိုး အဘွားများအား အိမ်တိုင်ရာရောက် သက်ကြီးဘိုး/ ဘွားများအား ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်းသိရသည်။

ကွတ်ခိုင်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၃၅၅)ဦး ရှိပြီးတစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့်  စုစုပေါင်း ငွေကျပ်(၁၀,၆၅၀,၀၀၀)ကို ထောက်ပံ့ပေးသွား မှာဖြစ်ပြီး‌ ထောက်ပံ့‌ငွေများကို ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့် စာရေးများကအကျိုးခံစားသူအဘိုး အဘွာများအား အိမ်တိုင်ရာ ရောက် ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဌေးဌေး(ကွတ်ခိုင်)