မြဝတီမြို့၌ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၄/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပ

မြဝတီ    စက်တင်ဘာ  ၂၅

ကျောင်းသား၊ ကျောင်းသူလူငယ်များရှေးဦး ပြုစုခြင်းအခြေခံအဆင့်တတ်မြောက်စေရန် နှင့်ရပ်/ရွာပြည်သူလူထုကို တစ်ဘက်တစ်လမ်းမှကူညီစောင့်ရှောက်မှု ပေးနိုင်စေရန် ရည်ရွယ်ချက် တို့ဖြင့်ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတွင် စက်တင်ဘာ ၉ ရက်မှ ၁၈ ရက်နေ့ ထိ၁၀ရက်ကြာဖွင့်လှစ် သင်ကြားပေး ခဲ့သည့် ရှေးဦးပြုစုခြင်း (အခြေခံ)အဆင့်သင်တန်းအမှတ်စဉ် (၄/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီကအဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင်မြဝတီ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်က ယနေ့ သင်တန်းဆင်းမောင်၊ မယ်များအနေဖြင့် သင်တန်းမှပို့ချပေးသည့် ဘာသာရပ် များကိုအခြေခံ၍ မိမိရပ်/ရွာပြည်သူလူထုအတွက် အကျိုးရှိစွာပြန် လည်အသုံးချ စေလိုကြောင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့တို့၏ စစ်မှန်သောစုပေါင်းစွမ်းပကာ တို့ဖြင့်နိုင်ငံ့ ဂုဏ်ကိုမြှင့် တင်ပြီးဆထက် တစ်ပိုးကြိုးစားဆောင်ရွက်စေလို ကြောင်းအဖွင့် အမှာစကား ပြောကြားပေးသည်။

ဆက်လက်၍မြဝတီမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်သွင်ဦးက ကျောင်းသား လူငယ်အရင်း မမြစ်များဖြင့်လူမှုဂရုဏာ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အရန်အင်အား အဖြစ်လူငယ်များ၏ အခန်းကဏ္ဍမှပူးပေါင်းပါဝင် ဆောင်ရွက် စေလိုကြောင်းဖြင့် သင်တန်းဆင်းအမှာ စကားပြောကြားပေးသည်။

ထို့နောက်မြဝတီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးတင့်နှင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက သင်တန်း၌ရေးဖြေ၊ လက်တွေ့နှင့်စစ်ရေးပြတို့တွင် ထူးချွန်ဆု၊ သူနာပြုစွမ်းရည် ဆုနှင့်အထူး ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအားဆုများအသီးသီးပေး အပ်ချီးမြှင့်ပေးပြီး မြဝတီ ခရိုင်ကြက်ခြေနီအသင်း ဥက္ကဋ္ဌဦးအုန်းဝေ ကကျောင်းသား၊ ကျောင်းသူ(၄၄)ဦးတို့၏ သင်တန်းဆင်းလက်မှတ်များပေးအပ်ပေးခဲ့ကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)