ပျဉ်းမနား စက်တင်ဘာ ၂၅
နေပြည်တော်ကောင်စီ၏စီစဉ်လမ်းညွှန်မှုဖြင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှလှူဒါန်းသည့် ဆန်၊ ဆီများအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်၊ ကျွန်းတောဓမ္မာရုံ၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တောင်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း အခြေခံလူတန်းစားအိမ်ထောင်စုများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှလှူဒါန်းသည့် ဆန်၊ ဆီများအား အခြေခံလူတန်းစားအိမ်ထောင်စုများထံ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမောင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရန်အောင်(၂)ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀)အတွက် ငွေကျပ်(၄)သိန်းတန်ဖိုးရှိ အခြေခံစားကုန်များဖြစ်သည့် ဆန်နှင့်ဆီများအားလည်းကောင်း၊ တောင်သာရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၀၀)အတွက် ငွေကျပ်(၄)သိန်းတန်ဖိုးရှိ အခြေခံစားကုန်များဖြစ်သည့် ဆန်နှင့်ဆီများအားလည်းကောင်း ပြည်သူများလက်ဝယ်အရောက် အခမဲ့ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်