စဉ့်ကူး စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကန်တောင်ကျေးရွာရှိ ရွှေရတနာအောင်မြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် သပိတ်ကျင်းတပ်နယ်၊ အမှတ်(၂)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးသောင်းစိန်၊ ပင်လယ်ကြီးအခြေပြုအမှတ်(၂)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးမျိုးသန့်ဇင်၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသော်တာထွန်းနှင့်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်တော်(၁)အိတ်၊ ဆီ(၁၀)ပိဿာ၊ ဆား(၅)ပိဿာ၊ ကုလားပဲ(၁၀)ပြည်၊ Mask(၁)ဖာ၊ အချိုရည်(၃၆)ကတ်၊ မုန့်(၈)ဖာ စုစုပေါင်း ၇၃၆၆၀၀/-ကျပ် တန်ဖိုးရှိလှူဖွယ်ပစ္စည်းတို့ကို ကျောင်းထိုင်ဆရာတော်ဦးတေဇဝန္တထံ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်ကတရားဒေသနာများ ချီးမြှင့်ဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။
စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာရှိ ရွှေရတနာအောင်မြေ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၄၄၉)ဦးအား ဆရာ/ဆရာမ (၅)ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)