ကျောက်တန်းမြို့နယ်၊ သတင်းစာဆရာအသင်းမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျောက်တန်း   စက်တင်ဘာ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  အိုမီခရွန် ရောဂါကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်ရေးအတွက် ယနေ့နံနက်(၇)နာရီအချိန်က ကျောက်တန်းမြို့နယ်သတင်းစာဆရာအသင်းမှ ကျောက်တန်းမြို့ အလယ်ပိုင်းရပ်ကွက် ကမ်းနားလမ်းရှိ စည်ပင်သာယာမြို့မစျေးရှေ့တွင် စျေးရောင်း၊ စျေးဝယ်ခရီးသွား ပြည်သူများနှင့် ရှေးဟောင်းသမိုင်းဝင်ကျိုက်မှော်ဝန်းရေလယ်စေတီတော်သို့ ဘုရားဖူးလာရဟန်းရှင်ပြည်သူများကို နှာခေါင်းစည်း(Mask)(၂၀၀၀)ခုနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့သည်၊

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask Campaign)ပြုလုပ်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၅၃)မှ တပ်ဖွဲ့စုမှူးဒုရဲမှူးရန်နိုင်စိုးဦးစီးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့စုမှူးဦးအောင်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးအောင်ကျော်ဝင်းဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်မိုးအဖွဲ့ သောကရတနာလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ မြို့နယ်သတင်းစာဆရာ အသင်းများနှင့်အတူပူးပေါင်းပါဝင်၍ နှာခေါင်းစည်း(Mask)များနှင့်အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။   

မြို့နယ် ပြန်/ဆက်