မဟာအောင်မြေမြို့နယ်၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပ

မဟာအောင်မြေ စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ နယ်လှည့်စာကြည့်တိုက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ဆက်လက်ပြီး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးကျော်အောင်က ကျောင်းသား/ကျောင်းသူများ စာပေနှင့် နီးစပ်မှုရှိစေရန်၊ စာအုပ်၊ စာပေဖတ်ရှုသည် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေ၊ ဗဟုသုတပေါကြွယ်ဝမှ လူဘောင်အဖွဲ့အစည်း လုပ်ကိုင်ဆောင်ရွက်ရာတွင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး နိုင်ငံဂုဏ်၊ လူမျိုးဂုဏ်ကို မြင့်မားအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ကျောင်းသူ/ကျောင်းသားများ သိရှိနားလည်အောင် ထည့်သွင်း ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ကြောင်း သိရသည်။

အောင်ဇော်မင်း