ငဖဲမြို့နယ်၌ (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး
Sep 28,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ခွေးရူးရောဂါကြောင့် သေဆုံးမှုမရှိစေရေးနှင့် ခွေးရူးရောဂါ ကင်းစင်စေရေးအတွက် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ကျရောက်သည့် (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်၊ရပ်ကွက်များတွင် အိမ်မွေးတိရစ္ဆာန် (ခွေး၊ ကြောင်) များကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။