နတ်မောက် စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအား ကာယစွမ်းရည်၊ ဉာဏစွမ်းရည်နှင့် အထွေထွေဗဟုသုတများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့်ကျောင်းသား/ သူ လေးများက ပုံပြောပြိုင်ပွဲတွင် (၁၅) နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၃၀) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဆရာ/ဆရာမများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
လှဝင်း