မှော်ဘီ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ်အတွင်းလုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး ဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ်၊ သဲဖြူ ရွာဦးကျောင်းတိုက်၊ ဓမ္မာရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးဝင်းစိုးမှ အဖွင့်အမှာစကားပြောကြား၍ စစ်ကြောင်းကြီး (၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံရေးစစ်ကြောင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်စုံကျော် က နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒလမ်းစဉ်နှင့် ဒို့တာဝန်အရေးသုံးပါးကို မမေ့ရန်နှင့် မိမိတို့လိုအပ်ချက်များ တင်ပြလျှင် ဖြည့်စီးပေးရန်ပြောကြားခြင်း၊ ရဲမှူးမြင့်အောင်မှ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခြင်း၊ အုပ်ချုပ်ရေး စစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးဖြိုးအောင်ကြည်က လူမူရေးဆိုင်ရာအသိပညာပေးဆွေးနွေးပြောကြားခြင်း၊ လူမူရေးစစ်ကြောင်းမှ ဒေါက်တာ ဦးသန့်ဇော်မင်းမှ ကိုယ်ဗစ်-၁၉ ရောဂါနှင့် အပြင်ထွက်တိုင်း Mask နှာခေါင်းစီးတပ်ရန်နှင့် ဆေးထိုးပြီး (၆)လပြည့်တိုင်း ပြန်လည်ထိုးရန်မှာကြားခြင်း၊ ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းမှ ဒေါ်ကျင်စန်းက ကျေးလက်လမ်း၊တံတားများ ဖွံ့ဖြိုးတိုးတက်ရေးများ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာသူ၊ကျေးရွာသားများ၏ သိရှိလိုသည်များကို ဒေသကိုယ်စားပြု အဖွဲ့ဝင်(၂) ဦးဝင်းစိုးမှ မေးမြန်းရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးဖြိုးအောင်ကြည်မှ မိမိတို့တင်ပြသည့် အချက်အလက်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စစ်ကြောင်းကြီး (၅)ကြောင်းတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှလည်း ကိုယ်ဗစ်ကာကွယ်နည်းလမ်းများ လက်ကမ်းစာစောင်နှင့် Mask နှာခေါင်းစီးများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)