သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Sep 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ Community Centre ခန်းမတွင် စက်တင်ဘာလ(၂၇)ရက် နေ့လည်ပိုင်းက  ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် အခမ်းအနား ကျင်းပ
Sep 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့၌ ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် Mask Campaign ပြုလုပ်
Sep 29,2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြရွှေပြည် အဝေးပြေးယာဉ်ရပ်နားစခန်း ကားကြီးကွင်းတွင် ယနေ့နံနက် (၇) နာရီခွဲမှစတင်၍ နံနက် (၁၁) အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် ပြည်သူများနှာခေါင်းစည်း (Mask) များ တပ်ဆင်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့ကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စာဖတ်စာငှား ကျောင်းသား၊ ကျောင်းသူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေး
Sep 29,2022
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်‌လေးများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေ
စဉ့်ကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျေးရွာ (၄) ရွာသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 29,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျေးရွာ (၄) ရွာသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁ဝ) နာရီက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ကမ္ဘာ့ခွေးရှုးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ
Sep 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ၁၆ ကြိမ်မြောက် ကမ္ဘာ့ခွေးရှုးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားအား ကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှုး ဒေါက်တာ အောင်ဆန်းဝင်းမှ အဖွင့်အမှာစကား ပြောကြား ပေးခဲ့သည်။
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်မှ ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 29,2022
ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့သည် ယမန်နေ့နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်နွားမယံအုပ်စု ကွင်းအမှတ်(၄၀၈)ရွာဟောင်းကွင်းအတွင်းရှိ တောင်သူဦးသန်းအောင်၏လယ်မြေ(၁)ဧကတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး(ရတနာတိုး) စံကွက်ရိတ်သိမ်းကွင်းသရုပ်ပြပွဲနှင့်
မိုင်းရှူးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Sep 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျရှိစေရေးအတွက် ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။