ဒဂုံမြောက်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမှတ်(၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်း၊ ဗိုလ်ဗထူးအိမ်ယာလမ်းတစ်လျှောက်နှင့် အမှတ်(၄၉)ရပ်ကွက်၊ (၄၉)ဈေးရှေ့လမ်းတစ်လျှောက်တို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆပ်ပြာရည်ဖြင့် ဆေးဖြန်းခြင်းလုပ်ငန်းများကို ယမန်နေ့ ၁၁ နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့မှူး ဦးတင်ထွန်းအောင်ဦးစီး၍ တပ်ဖွဲ့ဝင်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။