သတင်းများ

ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်
Sep 28,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နေ့လယ် ၁ နာရီခွဲ အချိန်က ဖွားစောကျေးရွာအုပ်စုသို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီကွင်းပိတ်အဖြစ် နေကြာသီးနှံ (၃၁၄၃) ဧက စိုက်ပျိုးပြီးစီးပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်ဒေသနှင့်ကိုက်ညီသည့် နေကြာမျိုးများဖူလုံရေးနှင့် စားသုံးဆီဖူလုံပိုလျှံရေး နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် ကွင်းပိတ်အဖြစ် မျိုးစေ့ထုတ်စိုက်ဧက (၂၀၀) အပါအဝင် (၃၁၄၃) ဧက စိုက်ပျိုးပြီးစီးပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
မြင်းခြံခရိုင်အတွင်းရှိ ၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်
Sep 28,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ ၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုမှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း (Booster Dose) ထိုးနှံပေး
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းလုပ်ငန်များကို ယနေ့နံနက် ၉ နာရီအချိန်က ငါ့သရောက်မြို့ အမှတ် (၁) ထန်းငယ် တောရက်ကွက်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့တက်ရောက်
Sep 28,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်နယ်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
မိုင်းခတ်၌ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ဆက်လက်ဆောင်ရွက်
Sep 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာ နေရာများ၌ Maskတပ်ဆင်ထားခြင်း မရှိသူလမ်းသွားလမ်းလာပြည်သူများအား Mask Campaign ပြုလုပ်၍ Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေ​ပေးခြင်းနှင့် ကိုဗစ်-၁၉‌ရောဂါကာကွယ်‌ဆေးများ အကြိမ်ပြည့်ထိုးနှံကြရန် အသိပညာ‌ပေးလုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးနှင့်လူစည်ကားရာနေရာများ၌ ပြုလုပ်ခဲ့ကြသည်။
ဘောလခဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်မှ(၁၈)နှစ်အကြား ကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး တတိယအကြိမ်ဆက်လက်ထိုးနှံပေး
Sep 28,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်မှ(၁၈)ကြားရှ ိကျောင်းသား/သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးတတိအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)အချိန်က အဆိုပါအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပခုက္ကူမြို့နယ်၌ (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော၊ ကာကွယ်ဆေးအခမဲ့ထိုးနှံပေး
Sep 28,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည်။