သတင်းများ

နွားနို့သောက်သုံးသည့် အလေ့အကျင့်ကောင်းများရရှိစေရေး အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေး
Sep 29,2022
ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ်အနေဖြင့် ကလေးငယ်များ နွားနို့သောက်သုံး သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းက  နွားနို့နှင့်ကြက်ဥများတိုက်ကျွေးခဲ့ကြသည်။
ဖားဆောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ
Sep 29,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အဆင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ပြည်နယ်စားသုံးသူရေးရာ ကော်မတီအစည်းအဝေးကျင်းပ
Sep 29,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပြည်နယ်စားသုံးသူရေးရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မင်းလှမြို့မဈေးကြီးအတွင်းဈေး ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာမြို့မစျေးကြီးအတွင်း စျေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၈ နာရီကပြုလုပ်ခဲ့သည်။
သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ဆီမီးပူဇော်ရန် ဆီမီးခွက်များ မိတ္ထီလာမြို့နယ်၊ သီတက္ကန်(မြောက်)ကျေးရွာတွင် ဝယ်ယူရရှိနိုင်
Sep 29,2022
မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ဆီမီးပူဇော်ရန် ဆီမီးခွက်များ ပြုလုပ်ရောင်းချလျက်ရှိကြောင်း   အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
မြင်းခြံမြို့တွင် Mask Campaign ပြုလုပ်
Sep 29,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့နံနက် ၈ နာရီက ပြည်သူများ အပြင်ထွက်တိုင်း Mask တပ်ဆင်ရန်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့မဈေးရှေ့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန် နှာခေါင်းစည်းတပ်ဆင်ရေးဆောင်ရွက်
Sep 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့မဈေးကြီးရှေ့၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေး
Sep 29,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ကျေးရွာ(၁၀)ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဘိုကြီးကုန်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။