သတင်းများ

တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း​ ဆွေးနွေးပွဲပြုလုပ်
Sep 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၏ အုပ်ချုပ်ရေးစစ်ကြောင်း လှုပ်ရှားမှုအနေဖြင့် တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီမိနစ် ၃၀ အချိန် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိ​ပေး ထုတ်ပြန်ချက်အား ပြည်သူများ ကျယ်ကျယ်​ပြန့်​​ပြန့် သိရှိရေး လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းနှင့် ဗီနိုင်းများ စိုက်ထူဆောင်ရွက်
Sep 30,2022
မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိ​ပေး ထုတ်ပြန်ချက် လက်ကမ်းစာ​စောင်​ဖြန့်​​​ဝေခြင်းနှင့် ​​ ဗီနိုင်းပိုစတာများ စိုက်ထူ​ခြင်းများကို ​ဆောင်ရွက်လျက် ရှိသည်။
မအူပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေး
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊‌ ကျောင်းသူများအား အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မလတ်တို ကျေးရွာအုပ်စုရှိ အလန်းအုပ်ကျေးရွာ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ကာကွယ်ဆေးထိုးနှံခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့သည်။
လှည်းကူးမြို့ ရန်ကုန်အမြန်လမ်းမပေါ်ရှိ (၀)မိုင်ဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask Campaign ဆောင်ရွက်
Sep 30,2022
နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင်လည်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီက လှည်းကူးမြို့၊ ရန်ကုန်အမြန်လမ်းမပေါ်ရှိ (၀)မိုင်ဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးကာကွယ်ဆေးအခမဲ့ ထိုးနှံပေး
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော ခြင်းနှင့် ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ညောင်ချောင်းကျေးရွာအုပ်စု၊ထောက်ရှာရိုး ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campain ဆောင်ရွက်ခြင်းနှင့်   အသိပညာပေးနှိုးဆော်
Sep 30,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း Mask Campain ဆောင်ရွက်ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်(၈)နာရီမှ (၉)နာရီအထိ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်လမ်းဆုံ၌  ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သာယာဝတီမြို့နယ်တွင် မိုးစပါး (၅၁၇၄၂၆)ဧကစိုက်ပျိုးပြီးစီး
Sep 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဆန်စပါး ဖူလုံပိုလျှံရေး၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ မိုးစပါး (၅၁၇၄၂၆) ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၌  ကိုဗစ်ရောဂါကာကွယ်ရေး mask campaign ပြုလုပ်
Sep 30,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို ယနေ့နံနက် (၉) နာရီအချိန်က နမ္မဝေါရပ်ကွက်၊ ရုံးပေါင်းစုံလမ်းထိပ်တွင်ပြုလုပ်ဆောင်ရွက်ခဲ့သည်။