နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိ​ပေး ထုတ်ပြန်ချက်အား ပြည်သူများ ကျယ်ကျယ်​ပြန့်​​ပြန့် သိရှိရေး လက်ကမ်းစာ စောင်ဖြန့်ဝေခြင်းနှင့် ဗီနိုင်းများ စိုက်ထူဆောင်ရွက်

ချောက် စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိ​ပေး ထုတ်ပြန်ချက် လက်ကမ်းစာ​စောင်​ဖြန့်​​​ဝေခြင်းနှင့် ​​ ဗီနိုင်းပိုစတာများ စိုက်ထူ​ခြင်းများကို ​ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယ​မန်​နေ့ နံနက် ၁၀ နာရီအချိန်က ​​ချောက်မြို့​နယ် အ​ထွေ​ထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအ​ဝေးခန်းတွင် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ် လုပ်ငန်း ညှိနှိုင်းအစည်းအ​​ဝေးတွင်  ခရိုင်/မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌနှင ့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်​/ ကျေးရွာ အုပ်ချုပ်​ရေးမှူးများအား နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ "မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်" လက်ကမ်းစာ​စောင်​ (၁၀၀)​စောင်ကို ဖြန့်​ဝေ​ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အတူ ပန်းခင်းစီမံချက်(၂)ဖြင့် ရပ်ကွက်/ ကျေးရွာများသို့ နိုင်ငံသား စိစစ်ရေးကတ် ပြားများအား ကွင်းဆင်း ဆောင်ရွက်ပေးရာတွင်လည်း အဆိုပါ "မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်" လက်ကမ်းစာ​စောင်​များ ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

ထို့​နောက် အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ "မိဘပြည်သူများသို့ အသိ​ပေး ထုတ်ပြန်ချက်"ကို ပြည်သူများ ကျယ်ကျယ်​​​ပြန့်​ပြန့် သိရှိ​စေရန် ဗီနိုင်း စိုက်ထူခြင်းများကိုလည်း ယမန်နေ့ ညနေပိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး​ရှေ့တွင် လည်း​​ကောင်း၊ ချောက်-မ​ကွေး ကားလမ်းမကြီး​​ဘေး ဘူတာရုံလမ်းဆုံတွင် လည်းကောင်း စိုက်ထူ၍ အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ "မိဘပြည်သူများသို့ အသိ​ပေး ထုတ်ပြန်ချက်"တွင် နိုင်ငံသားစိစစ်ရေး ကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ)နှင့် ပတ်သက်၍ အခက်အခဲများအား မြို့နယ် လဝကရုံးများသို့ သွားရောက် ဖြေရှင်း ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

 (မြို့နယ်ပြန်/ဆက်)