တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း​ ဆွေးနွေးပွဲပြုလုပ်

တွံတေး စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၏ အုပ်ချုပ်ရေးစစ်ကြောင်း လှုပ်ရှားမှုအနေဖြင့် တွံတေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီမိနစ် ၃၀ အချိန် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ အမှာစကား ပြောကြားရာတွင် မြို့နယ်၏ စိုက်စနစ်ဖြင့် စိုက်ပျိုးသည့်‌ တောင်သူများ စိုက်ဘဏ်ချေးငွေ တာ၀န်ကျေပေးဆပ်ပြီးဖြစ်သည့် ကျေးရွာအုပ်စုများမှ တောင်သူများအတွက် မြေဩဇာများ ထုတ်ယူရောင်းချပေးနိုင်ရေး ကိစ္စရပ်များ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ရရှိရေး ဖြန့်ဖြူး‌ရေး ကိစ္စရပ်များ မိုးစပါးစိုက်ဧကများ ပြည့်မီစွာ စိုက်ပျိုးပြီးစီးသည့်ကိစ္စများ မြို့နယ်အဆင့်‌ ဆောင်းသီးနှံ (နေကြာ) စိုက်ဧကများ ပြည့်မီစွာ စိုက်ပျိုးနိုင်‌‌ရေးနှင့် သီးနှံများ‌အောင်မြင်စွာ ဖြစ်ထွန်းနိုင်‌ရေးအတွက် မြို့နယ်အဆင့် ကြီးကြပ်‌ရေးအဖွဲ့ ကျေးရွာကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးဖြစ်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိစ္စများ မြို့နယ်၏ ကျေးရွာ(၁)ရွာလျှင် ထင်းစိုက်ခင်း(၂)ဧကကို ကြိုးဝိုင်း တွင်း/ပြင် ဧရိယာများတွင် မြေနေရာ ရှာဖွေစိုက်ပျိုးသွားနိုင်ရေး ကိစ္စရပ်များ၊ ဒီ‌‌ရေတောကာကွယ်ရေးနှင့် လေကာပင် (အုန်းပင်) စိုက်ပျိုးနိုင်ရေးကိစ္စရပ်များ ကျေးရွာအုပ်စု လယ်/စီများမှ တင်ပြလာသည့် လယ်ယာမြေစီမံခန့်ခွဲမှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများမှ လုပ်ငန်း‌ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေး‌တင်ပြခဲ့ကြပြီး ဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုး‌ရေး ကြီးကြပ်မှုအဖွဲ့၀င်များ မြို့နယ်လယ်ယာ‌မြေ စီမံခန့်ခွဲမှုအဖွဲ့၀င်များ ပါ၀င်‌သော ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တွံတေးသား