နမ့်ဆန် စက်တင်ဘာလ ၃၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို ယနေ့နံနက် (၉) နာရီအချိန်က နမ္မဝေါရပ်ကွက်၊ ရုံးပေါင်းစုံလမ်းထိပ်တွင်ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် နမ့်ဆန်မြို့ ရုံးပေါင်းစုံ လမ်းထိပ်တွင် ရပ်နီး/ ရပ်ဝေးမှ ဈေးရောင်း၊ ဈေးဝယ်လာရောက်သည့် ပြည်သူများ ၊ လစာလာရောက်ထုတ်ယူသော ဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ သွားလာနေထိုင်ကြရန်၊ နေအိမ် အပြင်သို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန် အသိပေးပြောကြားပြီး နှာခေါင်းစည်း (Mask)များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်