သတင်းများ

ပေါက်ခေါင်းမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများမှ အသင်းသား၊ အသင်းသူများသို့ ချေးငွေကျပ် ၁၇၁၅ သန်း ထုတ်ချေးပေးခဲ့
Sep 30,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်၍ ချေးငွေကာလပြည့်မြောက်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် ကျေးရွာပေါင်း(၄၀)မှ အသင်းသား၊ အသင်းသူများကို မြစိမ်းရောင်ချေးငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ရာ ယမန်နေ့က ချေးငွေများ အားလုံးထုတ်ပေးပြီးဖြစ်‌ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လမ်းပေါ်သို့ သစ်ပင်လဲကျရာမှ လမ်းပိတ်ဆို့မှုဖြစ်ပွား
Sep 30,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လက်ပန်လှကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် ၅၀/၇ နှင့် ၅၁ ကြားရှိ လုံးပတ် ၄ ပေနှင့် အရှည် ၃၀ ပေခန့်ရှိ ထနောင်းပင်သည် ယမန်နေ့ညနေ (၄)အချိန်ခန့်က ကားလမ်းမပေါ်သို့ လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
တာချီလိတ်မြို့၌ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အခြေခံပညာကျောင်းများသို့ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
Sep 30,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း)၌ အသက်(၁၀)နှစ်ပြည့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့ ၁၀ နာရီက ပြုလုပ်ပေးခဲ့ကြကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့နယ် ကွမ်းတောင်မတဲတိုက်တွင် သောက်သုံးရေသိုလှောင်မည့် ရေဂါလံ ၄၅၀၀ ဆံ့ ရေအုတ်ကန်ဆောက်လုပ်
Sep 30,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းအုပ်စု၊ ကွမ်းတောင်မတဲတိုက်တွင် ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစွာ သိုလှောင်ထားနိုင်ရန်အတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့လှူဒါန်းသည့် ရေဂါလံ ၄၅၀၀ ဆံ့သည့် ရေလှောင်ကန်တစ်ခုကို ယနေ့နံနက်မှစတင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ပြည်ခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 30,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းကိုင်မြို့နယ်၊ စည်ပင်သာယာဈေးအတွင်း Mask Campaign ဆောင်ရွက်
Sep 30,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် စည်ပင်သာယာဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး အရှိန်မြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် ယမန်နေ့ နံနက် ၅ နာရီက မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးလှမျိုးသွင်နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ Mask Campaign ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Sep 30,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြ ကျေးရွာတွင် ​ကျေးရွာ​နေပြည်သူများ သွားလာရေး အဆင်ပြေစေရန် ကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်ခြင်း လုပ်ငန်းနှင့် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် (Maung Lay Group Co.,ltd) မှ ဆောင်ရွက်သော ရာသီမရွေးကုန်ထုတ်သယ်ယူနိုင်သော ကျေးလက်ကုန်ထုတ်လမ်း (မြေသား- ဂဝံ) လုပ်ငန်းတို့အား မှော်ဘီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်​နေ့နံနက်ပိုင်းက အဆိုပါ​ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။