ဓနုဖြူမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးကာကွယ်ဆေးအခမဲ့ ထိုးနှံပေး

ဓနုဖြူ စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော ခြင်းနှင့် ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့က  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ညောင်ချောင်းကျေးရွာ အုပ်စု၊ထောက်ရှာရိုး ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာ အိချိုဇင်က ကမ္ဘာ့ခွေးရူး ရောဂါ တိုက်ဖျက်ရေးနေ့အကြောင်း သိကောင်းစရာများနှင့် ခွေးရူး ရောဂါ ကင်းဝေးစေရေး ကြိုတင်ကာကွယ် ရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့ပြီး ဝန်ထမ်းများက တက်ရောက်လာကြသူများ ကို ခွေးရူးရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ၂၇..၂၀၂၂ ရက်နေ့နှင့် ၂၈..၂၀၂၂ ရက်နေ့များတွင် ထိုးနှံပေးရာ ခွေးနှင့်ကြောင်အကောင်ရေ (၁၀၀)တို့အား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။  

မြို့နယ်(ပြန်/ဆက်)