သတင်းများ

ကျောင်းကုန်းမြို့၌ ဆောင်းသီးနှံနေကြာ စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့ပေး အပ်ပွဲကျင်းပ
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်း သာယာခန်းမ၌ ဆောင်းသီးနှံနေကြာ စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
ဟိုပုံးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေများလွှဲပြောင်း ပေးအပ်ခြင်းနှင့် ချေးငွေထုတ်‌ချေးခြင်း အခမ်းအနားကျင်းပ
Sep 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမ နှင့်‌‌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုံဟေးကျေးရွာအုပ်စု၊ နောင်ယာဆိုင်းကျေးရွာ၌ နေကြာအဓိကအပါအဝင် အခြားဆီထွက် သီးနှံများ စိုက်ပျိုးသော တောင်သူများလိုအပ်လျက်ရှိသည့် မျိုးစေ့သွင်းအားစုနှင့် စိုက်ပျိုး စရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများ၊ အရင်းမပျောက် မတည်ရန်ပုံငွေများ ပံ့ပိုးပေးနိုင်ရန်စသည့် ရည်ရွယ်ချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ချေးငွေထုတ်‌ချေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရဟန်းရှင်လူ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ  အကြိမ်ပြည့်နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။
ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ အရောင်းသွက်
Sep 30,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာအရုပ်များ သီတင်းကျွတ်ကာလ မတိုင်မီကပင်အရောင်းသွက်လျက်ရှိပြီး နေ့စဉ်ပျမ်းမျှငွေကျပ် တစ်သိန်းအထိရောင်းချရကြောင်း  သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဆံသခြင်း လုပ်အားဒါနပြု
Sep 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ဖိုးကျော်(7Eleven)နှင့် PERFECT Barber Shop အဖွဲ့တို့ပူးပေါင်း၍ အမှတ်(၅၂)ရပ်ကွက် မဒေးကျေးရွာရှိ အမှတ်(၁၁)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးအား အခမဲ့ဆံသခြင်းလုပ်အားဒါနကို အဆိုပါကျောင်းတွင် ယနေ့နံနက်(၉)နာရီအချိန်ကကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရပ်စောက်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ
Sep 30,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပသည်။
အောင်လံမြို့သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Sep 30,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းသည် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က အောင်လံမြို့တွင် ခရိုင်အဆင့်ဌာနဆိုင် ရာရုံးမြေနေရာလျာထားထားရှိသည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့သည်။