သတင်းများ

ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ပြည်သူများအားလုံး Maskတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Mask(အခမဲ့) ဖြန့်ဝေခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Oct 01,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ပြည်သူများနေအိမ်မှ ပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask) တပ်ဆင်ပြီး သွားလာကြရန် MaskCampaignပြုလုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လှယ်၍ နှာခေါင်းစည်းMaskများ ဖြန့်ဝေကာကိုဗစ်-၁၉ ရောဂါကာကွယ်ကြရန် အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Oct 01,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
Oct 01,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Oct 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူ (၈၀၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ဆက်လက်ထိုးနှံပေး
Sep 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေကြသော အသက် ၁၂နှစ်မှ ၁၈နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီမှစ၍ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းစုရပ်၌ ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)ပြုလုပ်
Sep 30,2022
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ လမ်းဘေးဝဲ/ယာ ရေမြောင်းတူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ (၈) ဖြတ်လမ်းတွင် ယနေ့ နံနက်ပိုင်းက ကျိုက်လတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် သာမန်အသုံး စရိတ်ဖြင့် လမ်းဘေးဝဲ/ယာ ရေမြောင်းတူးဖော် ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အား တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ
Sep 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပခဲ့သည်။