မြိတ်မူလတန်းကြိုကျောင်း၏ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Sep 30,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မူလတန်းကြိုကျောင်း၏ ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကန်ဖျားရပ်ကွက်၊ စပါးရွှေဝါလမ်းရှိ မြိတ်မူလတန်းကြိုကျောင်းမှာ ကျင်းပရာ မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး သားငယ်၊ သမီးငယ်လေးများမှ မကြာခင်သီတင်းကျွတ်တော့မယ် သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။