ပေါက်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် မျိုးစိပ်သစ် BA-4 BA-5 ကာကွယ်ရေးနည်းလမ်းများ လှည့်လည် အသိပေးနှိုးဆော်

ပေါက်တော အောက်တိုဘာ ၁

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ပေါက်တောမြို့တွင်  ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်  မျိုးစိပ်သစ် BA-4 , BA-5 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းလျက်  မြို့ပေါ်ရပ်ကွက်များ အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့​ကြသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် မျိုးစိပ်သစ် BA-4, BA-5 ရောဂါပိုးသည် ယခင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူများကိုလည်း ကူးစက်နိုင်ပြီး ပြည်တွင်းပိုးတွေ့လူနာများတွင် တွေ့ရှိလာရသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်မီစွာ မပျက်မကွက် ထိုးနှံကြရန်နှင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာတစ်ခုခုရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပို့ပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းကို မဖြစ်မနေဆောင်ရွက်ကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ကာကွယ်ရေးနည်းလမ်းများကို ပေါက်တောမြို့ပေါ် ရပ်ကွက်များအနှံ့ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)