ဘူးသီးတောင်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆ (အထစ) နှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်များအား ပြည်သူ့များသို့ဖြန့်ဝေ
Sep 24,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များပူးပေါင်းကာ ယနေ့နံနက် (၉) နာရီအချိန်က ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယစျေးရှေ့၌ လမ်းသွား/ လမ်းလာများနှင့် စျေးရောင်း/ စျေးဝယ်လာသူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ) နှင့်ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဖြန့်ဝေခြင်းအား ဆောင်ရွက်ခဲကြသည်။