သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မိုးကြိုးဘေး အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပပြုလုပ်

သာပေါင်း စင်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးကြိုးဘေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ကို ယမန်နေ့နေ့လယ် ၁၀ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ မိုးကြိုးဘေးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်မှ ဘေး () မျိုးရှိသည့်အနက် မိုးကြိုးဘေးအန္တရာယ် အကြောင်း ဘေးစတင်ဖြစ်ပေါ်နိုင်တဲ့ကာလက မိုးကြိုကာလ (ဧပြီလနှင့် မေလ) တွေနဲ့ မိုးနှောင်းကာလ (အောက်တိုဘာလ၊ နိုဝင်ဘာလ) များတွင် ဖြစ်ပေါ်နိုင်ပြီး မိမိပတ်ဝန်းကျင် အနီးတစ်ဝိုက်မှာ မိုးခြိမ်းခြင်း၊လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ်နေခဲ့ရင် မိုးကြိုးပစ်နိုင်တဲ့ အန္တရာယ်ဖြစ်ပေါ်လာနိုင်ပါတယ်၊ နေအိမ်အဆောက်အအုံတွေမှာ မိုးကြိုးလွှဲကိရိယာ တပ်ဆင်ထားရန်၊ ပြတင်းပေါက်များက မှန်ပြတင်းပေါက်ဖြစ်နေပါက အလင်းရောင်းတိုက်ရိုက် ဝင်ရောက်နိုင်သဖြင့် လိုက်ကာ၊ သတင်းစာစက္ကူများ ကပ်ပြီး ကာကွယ်ထားကြရန်၊ လျှပ်စစ်မီး ဖြတ်တောက်နိုင်သော ပင်မမိန်းခလုတ် (Auto Main) တွေ တပ်ဆင်ထားရန်၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများကို မိုးကြိုးဘေး အန္တရာယ် ဆောင်ရန်၊ ရှောင်ရန် အသိပညာပေးရန်၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် လျှပ်စစ်ဖြင့် ပြုလုပ်ထားသော မီးပူတိုက်ခြင်း၊ ဖုန်းပြောခြင်း၊ ပင်မမိန်းခလုတ်များ ချပိတ်ထားရန်၊ သစ်ပင်ငယ်များရှိတဲ့ အနိမ့်ပိုင်းနေရာသို့ ဝင်ရောက်အကာကွယ်ယူ ရှောင်ရှားကြရန်၊ လျှပ်စီးလတ်တာမြင်ရပြီး ဆံပင်တွေထောင်လာသည်ဟု ခံစားရလျင် ဒူးပေါ်လက်ယှက်တင်ပြီး ပုဆစ်တုပ်ထိုင်ချပါ၊ ဝမ်းလျားမမှောက်ရပါ၊ လူစုလူဝေးများနှင့် သွပ်ဆူးကြိုး၊ သံထည်ပစ္စည်း၊ သံလမ်းတွေအနီးတို့တွင် နေထိုင်ခြင်းမှရှောင်ကျဉ်ကြရန်၊ မိုးကြိုးပစ်ပြီး နာရီဝက်ခန့် အကြာမှသာ ဘေးကင်းလုံခြုံနိုင်တဲ့အတွက် အိမ်အပြင်ထွက်နိုင်ပါတယ်၊ မိုးကြိုးအပစ်ခံရတဲ့ သစ်ပင်တွေဆိုရင် မီးခလာင်တာတွေရှိတဲ့အတွက် နေအိမ်တွေကို မီးကူးစက်မလာနိုင်အောင် သတိထား စောင့်ကြည့်နေထိုင်ကြရန်တို့ကို အကျယ်တဝင့်အသိပညာပေး ပြောကြားပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးမှုများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)