သတင်းများ

ကွတ်ခိုင်မြို့၊ တောင်တန်းဒေသသာသနာပြုကျောင်းတိုက်၌ သံဃာတော်နှင့်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး
Sep 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့ တောင်တန်းဒေသသာသနာပြုကျောင်းတိုက်တွင် သီတင်သုံးတော်မူကြသည့် သံဃာတော်နှင်သီလရှင်များအား ကိုဗစ်ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရေးအတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ဆည်မြောင်းရုံးလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လမ်းသွားရာတွင် ပိုမိုလွယ်ကူချောမွေ့စွာသွားလာနိုင်ရန်၊ လမ်းအသုံးပြုရာတွင် စိတ်အေးချမ်းသာမှုရရှိစေရန်နှင့်
မြဝတီမြို့၌ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၄/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပ
Sep 25,2022
ကျောင်းသား၊ ကျောင်းသူလူငယ်များရှေးဦး ပြုစုခြင်းအခြေခံအဆင့်တတ်မြောက်စေရန် နှင့်ရပ်/ရွာပြည်သူလူထုကို တစ်ဘက်တစ်လမ်းမှကူညီစောင့်ရှောက်မှု ပေးနိုင်စေရန် ရည်ရွယ်ချက် တို့ဖြင့်ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတွင် စက်တင်ဘာ ၉ ရက်မှ ၁၈ ရက်နေ့ ထိ၁၀ရက်ကြာဖွင့်လှစ် သင်ကြားပေး ခဲ့သည့် ရှေးဦးပြုစုခြင်း (အခြေခံ)အဆင့်သင်တန်းအမှတ်စဉ် (၄/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီကအဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာရှိ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင်ဆောက်လုပ်ရန် အလှူငွေလှူဒါန်း
Sep 25,2022
မကွေးတိုင်း‌ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာရှိ သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင် ဆောက်လုပ်နိုင်ရန်အတွက်  ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တစ်ကိုယ်တော်ပရဟိတ အကျိုးတော်ဆောင်ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အလှူငွေများသွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးဘွဲ့(BEd )(၅)နှစ် သင်တန်းအတွက် ၀င်ခွင့်စာမေးပွဲဖြေဆို
Sep 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်၊ စစ်ကိုင်း)နှင့်ပညာရေးဘွဲ့ (BEd )(၅)နှစ် သင်တန်းအမှတ်စဉ်(၁၀)အတွက် ၀င်ခွင့်ရေးဖြေစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က(၁)ကျောင်း၌ ဖြေဆိုခဲ့ကြောင်းသိရသည်။
ဟားခါးမြို့၌ ဒုတိယအကြိမ်မြောက် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေး
Sep 24,2022
ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဟားခါးမြို့ရှိ အခြေခံပြည်သူများ၏ နေ့စဉ်ဘဝ စားသောက်မှု အထောက်အကူဖြစ်စေရန်နှင့် သက်သာသောစျေးနှုန်းဖြင့် စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် အခြေခံစားသောက်ကုန်များကို စက်တင်ဘာလ ၁၀ ရက် နံနက် ၈ နာရီမှစတင်၍ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်ရှိ စုပေါင်းရုံးရှေ့တွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။
ရွှေဘိုမြို့​တွင် အ​လောင်းမင်းတရားကြီး ဦးအောင်​ဇေယျတည်ထားကိုးကွယ်​တော်မူခဲ့​သော မော်​ဓေါမြင်သာ မြိုထောင့်​စေတီ​တော် ဆွမ်းလောင်းလှူပွဲ ကျင်းပ
Sep 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်​၊ ရွှေဘိုမြို့အတွင်းရှိ ဘုရားစေတီများတွင် ဝါတွင်းသုံးလ ဘုရားစဉ်များဖြစ်သည့် ဆာ၊​ သေ့၊ ဘန်၊ ဆု၊ ဂူ၊ ရ၊ ကျွန်း၊ တော်၊ ကျ၊ ဦး​၊ တော်၊ ခန်း၊​လောစသည့် အဆိုရှိသည့် ဘုရား​စေတီများကိုအပတ်စဉ် ဥပုသ်​နေ့တိုင်း ဆွမ်းလောင်းလှူပွဲ၊ ဘုရားပွဲများ ကျင်းပလျက်ရှိရာ ယ​နေ့နံနက်(၉)နာရီချိန်က အ​လောင်းမင်းတရားကြီး ဦး​အောင်​ဇေယျ တည်ထားကိုးကွယ်​တော်မူခဲ့​သော ​ရှေး​ဟောင်းသမိုင်းဝင် ​မော်​ဓေါမြင်သာမြို့​ထောင့်​စေတီ​တော်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲ၊ ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောဇဉ်ဝတ္ထုများ လောင်းလှူပွဲကျင်းပခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်
Sep 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။