တောင်ငူမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တောင်ငူ စက်တင်ဘာ ၂၄

ပဲခူးတိုင်း​​ဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ မလိုက်နာ​မှု​​​ကြောင့် ယာဉ်မတော်တဆတိုက်မှုများ၊ မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရခြင်းများ ဖြစ်ပွားမှုလျော့နည်းစေရေးအတွက် စည်းကမ်းချက်အတိုင်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် လိုအပ်ကြောင်း၊ ဆိုင်ကယ်လိုင်စင်မဲ့များ လိုင်စင်ပြုလုပ်ကြရန်၊ မော်တော်ယာဉ်မောင်းနှင်သူများ သတ်မှတ်စည်းကမ်းချက်များလိုက်နာရန်၊ ဘေးတွဲဆိုင်ကယ်များ စည်းကမ်းလိုက်နာစေရန် အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်