ပုဏ္ဏားကျွန်း စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ရှိ/မရှိ ကွင်းဆင်းကောက်ခံခြင်းကို ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်အတွင်း တစ်အိမ်ဝင်/ထွက်စနစ်ဖြင့် ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကောက်ခံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူတို့က တစ်အိမ်ဝင်/ထွက်စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ရှိ/မရှိ အသေးစိတ်စီစစ်၍ ကွင်းဆင်းလှည့်လည် ကောက်ခံလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)